• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒိုမီနီကန်-တရုတ် သံတမန် ဆက်ဆံမှု ထားရှိခြင်းသည် နှစ်နိုင်ငံ ပြည်သူများ အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးမည်ဟု ဒိုမီနီကန် သမ္မတဆို

(GMT+08:00) 2018-05-02 14:33:16

ဒိုမီနီကန် သမ္မတ နိုင်ငံ သမ္မတ ဒါနီလို မယ်ဒီနာက ဒိုမီနီကန် နိုင်ငံသည် တရုတ်ပြည်နှင့် သံတမန် ဆက်ဆံမှု ထားရှိရန် မည်သည့် ကြိုတင်လိုအပ်ချက်ကိုမျှ မထားရှိကြောင်း၊ ဒိုမီနီကန်-တရုတ် သံတမန် ဆက်ဆံမှု ထားရှိခြင်းသည် နှစ်နိုင်ငံ ပြည်သူများ အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးမည် ဖြစ်ကြောင်း ယခုလ ၁ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ထို့အပြင်၊ ၄င်းက နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံမှု ထားရှိခြင်းသည် အပြန်အလှန် လေးစားရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် တန်းတူညီမျှရေး အခြေခံပေါ်တွင် ရှိကြောင်း လည်း ပြောကြားသည်။

   Webradio