• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မေဒေးနေ့တွင်  ထိုင်းအလုပ်သမားများ လှည့်လည်ဆန္ဒပြပွဲ ပြုလုပ်

(GMT+08:00) 2018-05-02 10:41:41

        ယခုလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံမှ အလုပ်သမား ၁ သောင်းခန့်တို့သည် ဘန်ကောက်မြို့၌ မေဒေးနေ့ လှည့်လည်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ရာ အလုပ်သမားများ၏ တရားဝင် အခွင့်အရေးကို ကာကွယ်ပေးရန် တောင်းဆိုပြီး နိုင်ငံတော်ပိုင် ကုမ္ပဏီများ ပုဂလိကကုမ္ပဏီဖြစ်အောင် ပြောင်းလဲရေးကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ထိုင်း အလုပ်သမားအသင်းချုပ် ဥက္ကဋ္ဌ မာနာ့စ်-ကိုဆိုလ်က ထိုင်းအလုပ်သမား အဖွဲ့အစည်းတို့သည် ထိုင်းအလုပ်သမားများ ပိုမိုများပြားသော သက်သာချောင်ချိရေး အကျိုးစီးပွားနှင့် ပင်စင်စုငွေ ရရှိရန်၊ ပုဂလိကကုမ္ပဏီဖြစ်အောင် ပြောင်းလဲရေးတွင် အလုပ်သမားများ၏ အကျိုးစီးပွား မထိခိုက်ရန် အစိုးရအား တောင်းဆိုကြောင်း ပြောကြားသည်ဟု သတင်းရရှိပါသည်။

   Webradio