• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အလုပ်သမားများနေ့တွင် လုပ်ငန်းခွင်၌ အလုပ်အကိုင် လုပ်နေကြသော လုပ်သားများ

(GMT+08:00) 2018-05-02 09:41:36

မေလ ၁ ရက်နေ့သည် ကမ္ဘာ့အလုပ်သမားများနေ့ ဖြစ်သည်။ လူအများ အနားယူ နေကြသော ယင်းရုံးပိတ်ရက်နေ့တွင် လုပ်ငန်းပေါင်းစုံမှ လုပ်သား များစွာ တို့သည် ရုံးဌာန လုပ်ငန်းခွင်များ၌ ကြိုးကြိုးစားစား အလုပ်အကိုင် လုပ်နေကြပါသည်။

ဟွမ်ရှမ်ပိုးသည် ကွမ်တုန်းပြည်နယ် အရပ်ဘက် ကုမ္ပဏီမှ သိပ္ပံနည်းပညာ ဦးစီးသူ တစ်ဦး ဖြစ်သည်။ ဟွမ်ရှမ်ပိုး ဦးဆောင်သော သုတေသန အဖွဲ့သည် နည်းပညာဆိုင်ရာ ခဲရာခဲဆစ်များကို ကျော်လွှာပြီး တရုတ်ပြည် ကုန်ကြမ်းအထည် နယ်ပယ်မှ နည်းပညာ ကွက်လပ် ၁၀ ကျော်ကို ဖြည့်စွက်နိုင်ခဲ့ပြီး တရုတ်ပြည် လေကြောင်းနှင့် အာကာသ နည်းပညာကို တွန်းအားပေးနေပါသည်။

ဟောင်ကောင်၊ ကျူးဟိုင်နှင့် မကာအိုကို ဆက်သွယ်ထားသော တံတားကြီး ဖြတ်ကျော်သည့် လင်တင် ပင်လယ်သည် နိုင်ငံတော် ပထမအဆင့် ထိန်းသိမ်းကာကွယ်ရေး တိရစ္ဆာန် -- တရုတ် လင်းပိုင်ဖြူ အထူထပ်ဆုံးသော ပင်လယ်ဒေသ ဖြစ်သည်။ ဟောင်ကောင်၊ ကျူးဟိုင်၊ မကာအို တံတားကြီး စီမံအုပ်ချုပ်ရေးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးရုံးမှ အင်ဂျင်နီယာ မဒမ် ဝင်းဟွာသည် နေ့ရောညပါ တရုတ် လင်းပိုင်ဖြူကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်နေပါသည်။

   Webradio