• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အင်တာနက် မူပိုင်ခွင့် ထိန်းသိမ်းရေးကို အားဖြည့်ဆောင်ရွက်

(GMT+08:00) 2018-04-27 09:28:47

၂၀၁၈ ခုနှစ် တရုတ် အင်တာနက် မူပိုင်ခွင့် ထိန်းသိမ်းရေး အစည်းအဝေးကို ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ကျင်းပ ခဲ့ပါသည်။ တရုတ် နိုင်ငံတော် မူပိုင်ခွင့်ရေးရာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က၊ အင်တာနက်သည် မူပိုင်ခွင့် ကြပ်မတ်ရေးဆိုင်ရာ အဓိက နယ်ပယ် ဖြစ်ပြီး အနာဂတ်တွင် အင်တာနက် မူပိုင်ခွင့် ကြပ်မတ်ရေးကို ပိုမို တိကျထိရောက်စွာ ဆောင်ရွက်မည် ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားပါသည်။

ယခုလ ၂၆ ရက်နေ့သည် ၁၈ ကြိမ်မြောက် ကမ္ဘာ့ ပညာ မူပိုင်ခွင့်နေ့ ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် အင်တာနက် မူပိုင်ခွင့် ကျူးကျော်မှု တိုက်ဖျက်ရေး လုပ်ငန်းကို ၁၃ နှစ် ဆက်တိုက် ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မူပိုင်ခွင့် ကျူးကျော်သော အင်တာနက် ဝက်ဘဆိုဒ် ၂၅၀၀ ကျော်ကို ပိတ်ပစ်ပြီး၊ မူပိုင်ခွင့် ကျူးကျော်ထိပါးမှု ၅၄၃ မှုကို အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ပြည်သူ့လုံခြုံရေးဌာနများနှင့် ပူးပေါင်းပြီး မူပိုင်ခွင့် ကျူးကျော်ထိပါးမှု ဆိုင်ရာ ရာဇဝတ်မှု ၅၇ မှုကို စုံစမ်းစစ်ဆေးခဲ့ရာ ငွေကြေး တန်ဖိုး ယွမ် သန်း ၁၀၀ ကျော် ရှိကြောင်း သတင်းရရှိပါသည်။

   Webradio