• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်ထုတ်လုပ်ရေးလုပ်ငန်းတံခါးဖွင့်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ကမ္ဘာ့စီးပွားရေးသက်ညှာထောက်ထားမှုရှိရှိဖြင့် တိုးတက်ရန် တွန်းအားပေးရမည်ဟု တရုတ်စက်မှုနှင့် ဆက်သွယ်ရေးလုပ်ငန်းဝန်ကြီးဆို

(GMT+08:00) 2018-04-20 15:36:12

တရုတ်စက်မှုနှင့်ဆက်သွယ်ရေးလုပ်ငန်းဝန်ကြီး မျော်ဝေက ယခုလ၂၀ရက်နေ့က China Dailyသတင်းစာ၌ ဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်ခဲ့ရာ၊ တရုတ်နိုင်ငံသည် ကုန်ထုတ်လုပ်ရေးလုပ်ငန်း၏တံခါးဖွင့်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ကမ္ဘာ့စီးပွားရေးသက်ညှာထောက်ထားမှုရှိရှိဖြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

ဝန်ကြီးမျော်ဝေက Belt & Road တည်ဆောက်ရေးတွင် ကြီးမားသော လိုအပ်ချက်များကို ဆောင်ကြဉ်းလာ၍ တရုတ်နိုင်ငံသည် Belt & Road တစ်လျှောက်မှ နိုင်ငံများနှင့် အင်တလစ်ဂျင်ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ စက်မှုအင်တာနက်လုပ်ငန်း၊ 5G၊ မော်တော်ကား networking၊ အလတ်စားနှင့် အသေးစားလုပ်ငန်း၊ မြို့ပြလေကြောင်းနှင့် အင်တာနက်လုံခြုံရေးနယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး အပြန်အလှန်အကျိုးရှိစေအောင် အကောင်အထည်ဖော်ဆောင် မည်ဖြစ်ကြောင်း ရေးသားထုတ်ဖော်ခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio