• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာအစိုးရသည် ပြည်ထွက် ရခိုင်နယ်သားများ အမြန်ဆုံး ရပ်ရွာပြန်နိုင်ရန် ကူညီမည်ဟု ဆို

(GMT+08:00) 2018-04-20 12:34:07

မြန်မာ နိုင်ငံ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယခုလ ၁၉ ရက်နေ့က ရန်ကုန်မြို့၌ ပြည်ထွက် ရခိုင်နယ်သားများ ရပ်ရွာပြန်ရေးကိစ္စနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

၎င်းက၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် တိုးတက်မှုသစ် ရရှိပြီ ဖြစ်ကြောင်း၊ မြန်မာ အစိုးရ အနေနှင့် အကြမ်းဖက် တိုက်ခိုက်မှု ဘေးရှောင်ရန် အတွက် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ပြည်ထွက် ရခိုင် နယ်သားများ အမြန်ဆုံး ရပ်ရွာ ပြန်နိုင်ရန် အတွက် အစွမ်းကုန် အကူအညီပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

ကုလသမဂ္ဂမှ စာရင်းအရ၊ လွန်ခဲ့သည့်နှစ် သြဂုတ်လမှ စ၍ ခရိုင် နယ်သား ၇ သိန်းခန့်သည် လက်နက် အချင်းပွါးမှု ဘေးရှောင်ရန်အတွက် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio