• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သူတစ်ပါးကို အသရေဖျက်ပြောဆိုခြင်းသည် လေးစားမှုရမည်မဟုတ်ဟု တရုတ်ဆို

(GMT+08:00) 2018-04-20 12:15:38

        သြစတြေးလျအရာရှိ၏ တရုတ်ပြည် ပစိဖိတ်သမုဒ္ဒရာ ကျွန်းပေါ်၌ စစ်ရေးအခြေစိုက်စခန်းထားရှိမည် ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်ယဉ်က သက်ဆိုင်ရာနိုင်ငံသည် ဟန်ရေးမပြဘဲ အခြားနိုင်ငံနှင့် အခြားသူ၏ စကားကို နားထောင်ရမည်ဖြစ်ကြောင်း၊ သူတစ်ပါးကို အသရေဖျက်ပြောဆိုပြီး အဟန့်အတားပြုခြင်းသည် လေးစားမှုကို ရရှိမည် မဟုတ်ကြောင်း ယခုလ ၁၉ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ဗါနူအာတူနိုင်ငံမှ အာမ်ဘေကျွန်းပေါ်တွင် မီးတောင်ပေါက်ကွဲမှုကြောင့် သောင်းနှင့်ချီသော ဒေသခံများသည် ယခုသတင်းပတ်မှစ၍ ပြောင်းရွှေ့ နေထိုင်ရမည် ဖြစ်ကာ တရုတ်ပြည်ဘက်က ကူညီထောက်ပံ့ပြီး တည်ဆောက်ထားသော ဆိပ်ကမ်းကို အသုံး ပြုကြမည်ဖြစ်ကြောင်း၊ သို့သော် သြစတေးလျနိုင်ငံက ယင်းဆိပ်ကမ်းသည် အနာဂတ်တွင် တရုတ်ရေတပ် စစ်ရေးအခြေစိုက်စခန်းဖြစ်မည်ဟု ပြောကြားကြောင်း၊ သြစတြေးလျပြည်ဘက်အနေနှင့် ကျွန်းနိုင်ငံ၏အသံကို နားထောင်ရန် ပန်ကြားကြောင်း ဖီဂျီနိုင်ငံမှ သတင်းစာတွင် ဗါနူအာတူမီဒီယာသမားပုဂိုလ်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။

   Webradio