• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အာကာသလုပ်ငန်း လျင်မြန်စွာ တိုးတက်

(GMT+08:00) 2018-04-20 09:52:31

ယခုလ ၂၄ ရက်နေ့သည် တတိယ ကြိမ်မြောက် တရုတ် အာကာသနေ့ ဖြစ်ပြီး ယခုနှစ် အာကာသနေ့၏ ဆောင်ပုဒ်သည် အာကာသ ခေတ်သစ် လက်တွဲ ထူထောင်ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံတော် အာကာသလုပ်ငန်း ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ လီကိုဖိန်က၊ အာကာသနေ့၏ အဓိက အခမ်းအနားများကို ဟာရ်ပင်မြို့၌ ကျင်းပမည် ဖြစ်ပြီး တစ်ချိန်တည်းတွင် တရုတ် အာကာသလုပ်ငန်း ညီလာခံ၊ နိုင်ငံတကာ စီးပွါးဖြစ် အာကာသ လုပ်ငန်း ဖိုရမ် အပါအဝင် လှုပ်ရှားမှု အကြိမ်ပေါင်း ၂၀ ကျော်ကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း ယခုလ ၁၉ ရက်နေ့က ပီကင်း၌ ပြောကြားပါသည်။

ဆက်လက်၍ ၄င်းက၊ ယခုနှစ်အတွင်း တရုတ်နိုင်ငံသည် ချန်အို အမှတ်-၄ ရစ်ပီတာ ဂြိုဟ်တုနှင့် စူးစမ်းယာဉ်ကို လွှတ်တင်မည် ဖြစ်ကြောင်း၊ ယင်းသည် လူသား၏ ပထမဆုံးအကြိမ် လကမ္ဘာ၏ ကျောဖက်တွင် ငြင်သာစွာ ဆင်းသက်ခြင်း ဖြစ်မည် ဖြစ်ကြောင်း၊ ဆင်းသက်ပြီးနောက် လကမ္ဘာပေါ်တွင် ကင်းလှည့် စူးစမ်းလေ့လာမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio