• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တန်းတူရည်တူဖြစ်ခြင်းနှင့် တရားမျှတမှု ဟူသည်ကို တစ်ဦးတစ်ယောက်  ပြောခြင်း အတည်မဖြစ်

(GMT+08:00) 2018-04-20 09:46:18

   အမေရိကန်နှင့်တ ရုတ်၏ အကောက်ခွန် တန်းတူရည်တူ ဖြစ်ခြင်း မရှိ ဟူသော အမေရိကန် သမ္မတ ထရန့်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တန်းတူရည်တူဖြစ်ခြင်းနှင့် တရားမျှတမှု ဟူသည်ကို တစ်ဦးတစ်ယောက်တည်း ပြောခြင်းသည် အတည်မဖြစ်ကြောင်း ယခုလ ၁၉ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဟွာချွင်ယဉ်က၊ ပထမ အချက် အနေနှင့် အမေရိကန်၏ အိမ်စီးနှင့် လုပ်ငန်းသုံးကားအပေါ် သွင်းကုန် အခွန်မှာ ၂့ ၅ ရာခိုင်နှုန်း ဖြစ်သော်လည်း ကုန်တင်ကား၏ အခွန်မှာမူ ၂၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ဒုတိယ အချက် အနေနှင့် တရုတ်ပြည်၏ ၂၅ ရာခိုင်နှုန်း အခွန်နှုန်းမှာ တပ်ဆင်ပြီးသား ကား တစ်စီးလုံး အပေါ် ဖြစ်ပြီး ကားအပိုပစ္စည်း အပေါ်မူ ၁၀ ရာခိုင်နှုန်းသာ ရှိကြောင်း၊ တတိယ အချက် အနေနှင့် အမေရိကန်၏ တရုတ်ပြည်၌ ရောင်းချနေသော ကား အများစုသည် တရုတ်ပြည်ရှိ အမေရိကန် မော်တော်ကား ကုမ္ပဏီခွဲများ ထုတ်လုပ်ခြင်း ဖြစ်ပြီး အမေရိကန် ကုမ္ပဏီများသည် တရုတ်ပြည်၌ ကြီးမားသော အကျိုးအမြတ် ရယူ နေကြောင်း ပြောကြားပါသည်။

   Webradio