• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုပ်ရှင် ဇာတ်ညွှန်းများ ရုပ်ရှင်ကား ဆန်းသစ် အတွေးအခေါ် ရှာကြံ

(GMT+08:00) 2018-04-20 09:35:22

ပီကင်း နိုင်ငံတကာ ရုပ်ရှင် ပွဲတော် "အမျိုးအစားအလိုက် ရုပ်ရှင်ကားများ ရေးသား ပြုစုရေး" ဆောင်ပုဒ် အဖြစ် ထားသော ဆွေးနွေးပွဲကို ယခုလ ၁၈ ရက်နေ့ ညနေပိုင်းက ပီကင်း၌ ကျင်းပခဲ့ရာ တရုတ်ပြည် နာမည်ကြီး ရုပ်ရှင် ဇာတ်ညွှန်းများ၊ ဒါရိုက်တာများနှင့် ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်ကား ထုတ်လုပ်ရေးကုမ္ပဏီမှ သက်ဆိုင်ရာပုဂ္ဂိုလ်များသည် တရုတ်ပြည်၏ အမျိုးအစားအလိုက် ရုပ်ရှင်ကားများ ဆန်းသစ် အတွေးအခေါ်များကို ရှာကြံခဲ့ကြကြောင်း သတင်းရရှိပါသည်။

၂၀၀၃ ခုနှစ် မတိုင်မီက တရုတ် တစ်ပြည်လုံး ရုပ်ရှင်ကား ဝင်ငွေမှာ နှစ်စဉ် ယွမ် သန်း ၇ ရာ၊ ၈ ရာခန့် ရှိကြောင်း၊ "သူရဲကောင်း" ရုပ်ရှင်ကား ရုံတင် ပြသခဲ့ပြီးနောက် ၁၀ နှစ်ကျော် အတွင်း ပြည်တွင်း ရုပ်ရှင်ဈေးကွက်မှာ တရှိန်ထိုး ရှင်သန် ဖွံ့ဖြိုး တိုးတက် လာကာ၊ ယခုနှစ် ပထမ သုံးလအတွင်း "ပင်လယ်နီ" ရုပ်ရှင်ကား ဆောင်ရွက်မှု အပါအဝင် ရုပ်ရှင်ကား သုံးကားတည်းသာ လက်မှတ်ရောင်းငွေ ယွမ် သန်း ၂၀၀၀ ကျော်စီ ရှိခဲ့ကြောင်း သိရပါသည်။

   Webradio