• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် နီပေါနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-04-19 16:34:09

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၁၈ ရက်နေ့က ပီကင်းတွင် နီပေါနိုင်ငံခြားရေးဝန်ကြီးဂျာဝါနီနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်း အရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက နီပေါနိုင်ငံနိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်း ချောမောအောင်မြင်စွာပြီးဆောင်ရွက်ခြင်းကို ထောပနာပြုပါကြောင်း၊ နီပေါနိုင်ငံသည် ပုံမှန်စွာဖွံ့ဖြိုးရေး အမြန်ဆုံးအကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဂျာဝါနီက နီပေါနိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ပြတ်သားစွာလိုက်နာကျင့်သုံးပြီး တရုတ်ဘက်၏ထောက်ခံမှုနှင့်ကူညီမှုကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။

   Webradio