• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်-မြောက်ကိုးရီးယားထိပ်သီးခေါင်းဆောင်များဆွေးနွေးပွဲကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွင့်မည်

(GMT+08:00) 2018-04-19 16:16:21

တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားနှစ်နိုင်ငံကိုယ်စားလှယ်များသည် ယခုလ၁၈ရက်နေ့က ပန်မွန်ဂျွံ၏ မြောက်ကိုးရီးယားဘက်၌ ဆွေးနွေးပွဲကို ကျင်းပပြီး ယခုလ၂၇ရက်နေ့တွင် ကျင်းပမည့် တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များဆွေးနွေးပွဲ၏ အဓိကအပိုင်းကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တောင်ကိုးရီးယားသမ္မတရုံးက၊ ယခုအကြိမ်ဆွေးနွေးပွဲသည် ၅နာရီ၁၅မိနစ်ကြာရှည်ပြီး တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားနှစ်နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၁၂ဦးတို့ ပါဝင်ခဲ့ကြကြောင်း ဖေါ်ပြသည်ဟု သတင်းရရှိပါသည်။

   Webradio