|
||||||||
|
|||||||||||||
IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အသင့်အတင့်ချောင်လည်သော ငွေကြေးအခြေအနေသည်၊ တိုတောင်းသော ကာလအတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု အားပေးထောက်ခံရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သော်လည်း၊ အချိန်ရှည်ကြာ သော တိုးနှုန်းနိမ့်ပေါ်လစီကြောင့်ဆောင်ကြဉ်းလာသော ငွေကြေးအားနည်းချက်များသည်၊ စီးပွားရေးတိုးတက်မှုအပေါ် အန္တရာယ်ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ယခုလ ၁၈ ရက်နေ့က သတိပေး နှိုးဆော်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။
|