• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဌမ အကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ရုပ်ရှင်ကား သိပ္ပံနည်းပညာ ဖိုရမ် ကျင်းပ

(GMT+08:00) 2018-04-19 09:59:14

အဌမ အကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ရုပ်ရှင်ကား သိပ္ပံနည်းပညာ နိုင်ငံတကာ ဖိုရမ်ကို ယခုလ ၁၈ ရက်နေ့က ပီကင်း နိုင်ငံတကာ ဟိုတယ်ကြီး၌ ကျင်းပ ခဲ့ရာ၊ ပြည်တွင်းပြည်ပမှ ရုပ်ရှင်ကား သိပ္ပံနည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ရုပ်ရှင် လုပ်ငန်းရှင်များ၊ ပီကင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဧည့်သည်တော်များနှင့် မီဒီယာ သတင်းထောက်များ စုစုပေါင်း လူ ၃၀၀ ကျော်တို့ ဖိုရမ်သို့ တက်ရောက် ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ဖိုရမ်တွင်၊ ရုပ်ရှင်ကား ထုတ်လုပ် ပြုစုရေး အစီအစဉ်၊ အလားအလာနှင့် ရုပ်ရှင်ကားဆိုင်ရာ အဆင့်မြင့်နည်းပညာ အသုံးပြုရေး စသည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။

   Webradio