• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

WTO မူဘောင်အတွင်း တရုတ်ပြည်နှင့် အကောက်ခွန် ပြဿနာကို ဆွေးနွေးလိုဟု အမေရိကန်ဆို

(GMT+08:00) 2018-04-19 09:50:15

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO မှ မကြာမီက ထုတ်ပြန်သော စာတမ်း တစ်ရပ်တွင်၊ အမေရိကန်သည် အမေရိကန်၏ သံမဏိနှင့် ဒန် ကုန်ပစ္စည်း သွင်းကုန်ဆိုင်ရာ ၂၃၂ ဆောင်ရွက်ရေးနည်းလမ်းနှင့် တရုတ်ပြည်အား ရည်စူးသော ၃၀၁ စုံစမ်းစစ်ဆေးမှု ဆိုင်ရာ အခွန်ကောက်ယူရေး အဆိုပြုချက်နှင့် ပတ်သက်ပြီး WTO အငြင်းပွါးမှု ဖြေရှင်း စနစ် မူဘောင်အတွင်း တရုတ်ပြည်နှင့် တိုင်ပင်ဆွေးနွေးလိုသည်ဟု WTO အား ပြောကြား ခဲ့သည်ဟု ရေးသားဖေါ်ပြထားကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းစာတမ်းတွင်၊ အမေရိကန်သည် တရုတ်ပြည်၏ တိုင်ပင်ဆွေးနွေးရန် တင်သွင်းချက် အပေါ် ခြွင်းချက် ထားသော်လည်း ယင်းနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုသည်ဟု ဖေါ်ပြထားကြောင်း ရေးသားထားပါသည်။

   Webradio