• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်အရေးယူမှုခံရသောရုရှားကုမ္ပဏီများကို ထောက်ပံ့ရန် ရုရှားအစိုးရကတိပြု

(GMT+08:00) 2018-04-18 15:11:05
ရုရှားဝန်ကြီးချုပ်မေဒ်ဗေဒေဗ်သည် ယခုလ၁၇ရက်နေ့က မော်စကို၌ ရုရှားစက်မှုလုပ်ငန်းရှင်သမဂ္ဂကောင်စီဝင်များနှင့် တွေ့ဆုံရာ၌ ရုရှားအစိုးရသည် အမေရိကန်နိုင်ငံမှ အရေးယူမှုခံရသော ကုမ္ပဏီစာရင်းဝင် ရုရှားကုမ္ပဏီများကို ထောက်ပံ့မည်ဖြစ်ပြီး ပထမဦးစွာ ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်နေရာများကို ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် လုပ်ငန်းကုမ္ပဏီများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ထောက်ပံ့ဆောက်ရွက်ချက်များကို ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များအဖြစ် ပြောင်းလဲအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
   Webradio