• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာစီးပွားရေးခန့်မှန်ချက်အစီရင်ခံစာကို IMFထုတ်ပြန်

(GMT+08:00) 2018-04-18 15:10:27

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)သည် ယခုလ၁၇ရက်နေ့က နောက်ဆုံးပေါ် ကမ္ဘာ့စီးပွားရေးခန့်မှန်ရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ၂၀၁၇ခုနှစ် ကမ္ဘာ့ စီးပွားရေးတိုးနှုန်းမှာ ၃.၈ရာခိုင်နှုန်းဖြစ်ပြီး လွန်ခဲ့သည့်၇နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာ၏ ခန့်မှန်းချက်အရ ၂၀၁၈ခုနှစ်နှင့် ၂၀၁၉ခုနှစ်တွင် စီးပွားရေးတိုးနှုန်းမှာ ၃.၉ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်နှင့် ၂၀၁၉ခုနှစ်တွင် တရုတ်ပြည်၏ စီးပွားရေးတိုးနှုန်းမှာ ၆.၆ရာခိုင်နှုန်းနှင့် ၆.၄ရာခိုင်နှုန်းအသီးသီးရှိမည်ဟု ခန့်မှန်းကြောင်း၊ ကုန်သွယ်ရေးကန့်သတ်မှုနှင့် ကန့်သတ်မှုဆန့်ကျင့်ရေးဆောင်ရွက်ချက်များသည် ယုံကြည်စိတ်လျော့နည်းစေဆီးနိုင်သောကြောင့် ကမ္ဘာ့စီးပွားရေး၏ ပုံမှန်တိုးတက်မှု ဖြစ်စဉ်ကို ရပ်စဲစေနိုင်မည်ဟု သတိပေးကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio