• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလွတ်လပ်လွယ်ကူအဆင်ပြေစေခြင်းကို တိုးမြှင့်ရန် အာဖရိကနိုင်ငံများ နှင့်လက်တွဲဆောင်ရွက်လို

(GMT+08:00) 2018-04-18 15:00:37

ယခုလ ၁၇ ရက်နေ့က အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး စုန့်အိုင်ကော်သည် ကိုင်ရိုမြို့တရုတ်-အာဖရိကစီးပွါးရေးပူးပေါင်းဆောင်ရွက်ရေးဇုန်တည်ဆောက်ခြင်းပူးပေါင်ဆောင်ရွက်ရေးမှရရှိသောအောင်မြင်မှုနှင့်အတွေ့အကြုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့ရာ တရုတ်နိုင်ငံ သည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလွတ်လပ်လွယ်ကူအဆင်ပြေစေခြင်းကို တိုးမြှင့်ရန် အာဖရိက နိုင်ငံများအပါအဝင်နိုင်ငံတကာမိသားစုကြီးနှင့် လက်တွဲဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်မှ သတင်းအရ သိရပါသည်။

တရုတ်၊ အီဂျစ်၊ နိုင်ဂျီးရီးယား၊ အီသီအိုပီးယား၊ ဇမ်ဘီယာစသည့်တရုတ်နှင့် အာဖရကနိုင်ငံများမှ အစိုးရအရာရှိများနှင့်ပညာရှင်များသည်တရုတ်-အာဖရိကသည် စီးပွါးရေးပူးပေါင်းဆောင်ရွက်ရေးဇုန်နှင့်စက်မှုဇုန် တည်ဆောက် ခြင်းမှရရှိသော အောင်မြင်မှုနှင့်အတွေ့အကြုံဆိုင်ရာများကိုဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

   Webradio