• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်-မြောက်ကိုးရီးယားကြား အဆင့်မြင့်ဆွေးနွေးပွဲပြုလုပ်နေသည်ဟု ထရန့်ဆို

(GMT+08:00) 2018-04-18 14:14:43

အမေရိကန်နှင့် မြောက်ကိုးရီးယားနှစ်နိုင်ငံတို့သည် အဆင့်မြင့်ဆွေးနွေးပွဲကို ပြုလုပ်လျက်ရှိကြောင်း အမေရိကန်သမ္မတ ထရန့်က ယမန်နေ့ ၁၇ ရက်နေ့ က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ထရန့်က ယမန်နေ့ ၁၇ ရက်နေ့က အလည်အပတ်ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာများနှင့် တွေ့ဆုံရာတွင် မိမိသည် မြောက်ကိုးရီးယားထိပ်သီးခေါင်းဆောင် ကင်ကျုံအန်နှင့် တွေ့ဆုံရန် မျှော်လင့်ကြောင်း၊ နှစ်ဖက်တို့သည် စိတ်ရင်းစေတနာဖြင့် အပြန်အလှန်လေးစားမှုထားရှိကြောင်း ပြောကြားခဲ့ပါသည်။

   Webradio