• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘေကျင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် တရုတ်ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးရေးလမ်းကြောင်း နှင့်ပတ်သက်၍ ဆွေးနွေးဖလှယ်

(GMT+08:00) 2018-04-18 10:56:07

၈ ကြိမ်မြောက်ဘေကျင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်မှ ယမန်နေ့ ၁၇ ရက်နေ့က တရုတ် ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးရေးဖိုရမ်ကို ကျင်းပခဲ့သည်။ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ရုပ်ရှင် ကောလိပ်မှ ပညာရှင်များသည် တရုတ်ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးရေးလမ်းကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးဖလှယ်ခဲ့သည်ဟုစီအာအိုင်သတင်းအရသိရသည်။ပညာရှင်များက ရုပ်ရှင်ထုတ် လုပ်သူစနစ် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး၊  typification ရုပ်ရှင်ကား ထုတ်လုပ်မှု အဆင့်အတန်း မြှင့်တင်ရေး စသည့်နည်းလမ်းဖြင့် တရုတ်နိုင်ငံအား ရုပ်ရှင်နိုင်ငံကြီးမှ ရုပ်ရှင်လုပ်ငန်းတောင့်တင်းသောနိုင်ငံသို့ လျှောက်လှမ်းရန် အကြံပြုခဲ့သည်ဟုသိရ သည်။

   Webradio