• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားအခြေအနေဆိုင်ရာ ပူတင်နှင့် မာကယ်လ် ဖုန်းဆက်

(GMT+08:00) 2018-04-18 10:49:03

      ရုရှားနိုင်ငံသမ္မတပူတင်သည်၊ ဂျာမဏီနိုင်ငံဝန်ကြီးချုပ် မာကယ်လ်နှင့် တယ်လီဖုန်း ဖြင့် ဆက်သွယ်ခဲ့ရာ၊ နှစ်ဦးနှစ်ဖက်တို့အနေနှင့်၊ နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများ ဖြင့် ဆီးရီးယားပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ကြ သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

ရုရှားနှင့် ဂျာမဏီနိုင်ငံ ခေါင်းဆောင် ၂ ဦးတို့သည်၊ အမေရိကန်နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများမှ စစ်ရေးတိုက်ခိုက်မှုခံပြီးသည့်နောက်ပိုင်းတွင် ဆီးရီးယားအခြေအနေနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ကရင်မလင်နန်းတော် ဝက်ဆိုက်သတင်းအရ သိရသည်။

   Webradio