• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတော် အထွေထွေ လုံခြုံရေး အမြင်ကို ဘက်စုံ အကောင်အထည်ဖေါ်ဆောင်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-04-18 09:50:53

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို နိုင်ငံတော် လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့က ၁၉ ကြိမ်မြောက် ဗဟို နိုင်ငံတော် လုံခြုံရေးကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ပါတီသည် နိုင်ငံတော် လုံခြုံရေး လုပ်ငန်းအပေါ် ဦးစီးမှုကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အထွေထွေ လုံခြုံရေး အမြင်ကို ဘက်စုံ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ခေတ်သစ် နိုင်ငံတော် လုံခြုံရေး လုပ်ငန်း အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း၊ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် နှစ်ခု ဖေါ်ဆောင်စေရန်နှင့် တရုတ် အမျိုးသား ရှင်သန်ရေး အိပ်မက် ဖေါ်ဆောင်စေရန်အတွက် ခိုင်မာသော လုံခြုံမှုဆိုင်ရာ အာမခံ ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio