• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ထင်ရာစိုင်း ထိန်းချုပ်မှု မရှိ လုပ်ပါက တရုတ်ပြည်ဘက်သည် ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ပါ့မည်ဟု ဟွာချွင်ယဉ် ဆို

(GMT+08:00) 2018-04-18 09:47:56

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ အမေရိကန်သည် ထင်ရာစိုင်း ထိန်းချုပ်မှုမရှိ လုပ်ပြီး ရေစီးကြောင်းကို ကျောခိုင်းကာ ဆက်လက် လုပ်ဆောင်ပါက တရုတ်ပြည်ဘက်သည် ပြတ်ပြတ်သားသား တုံ့ပြန် ဆောင်ရွက်ပါ့မည် ဖြစ်ပြီး ယင်း နိုင်ငံစုံဝါဒနှင့် လွတ်လပ်သော ကုန်သွယ်မှု ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ စစ်ပွဲ အောင်ပွဲရအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

၎င်းသည် ယခုလ ၁၇ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှုနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio