• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စစ်ရေးစက်မှုလုပ်ငန်းကုမ္ပဏီများက မလေးရှား အာရှ ကာကွယ်ရေးပြပွဲတွင် ပြသ

(GMT+08:00) 2018-04-17 14:41:21

၎ရက်ကြာ ကျင်းပမည့် ၁၆ကြိမ်မြောက် မလေးရှား အာရှ ကာကွယ်ရေးပြပွဲကို ဧပြီလ ၁၆ရက်နေ့က ကွာလာလန်ဘူမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ကာကွယ်ရေး သိပ္ပံနည်းပညာ စက်မှုလုပ်ငန်းဗျူရိုက ကုမ္ပဏီ၅ခုကို ဦးဆောင်ပြီး ပြပွဲတွင် ပါဝင်ပြသ ကာ တရုတ်စစ်ရေးစက်မှု သိပ္ပံနည်းပညာ သုတေသနပြုရေး  နှင့် ကုန်ထုတ်နိုင်စွမ်းကို ပြသကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်ကုမ္ပဏီများ၏ ပြခန်းနေရာ၏ အကျယ်အဝန်းမှာ စတုရန်း မီတာ၄၀၀ရှိကြောင်း၊ ပါဝင်ပြသကြသော ကုမ္ပဏီများသည် ပုံစံ၊ ဇယား နှင့် ဗီဒီယိုနည်းလမ်းများဖြင့် တရုတ် နည်းပညာ နှင့် လက်နက်ပစ္စည်းများကို မိတ်ဆက်ပေးကြောင်း သတင်းရရှိပါသည်။

   Webradio