• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ပထမသုံးလပတ်အတွင်း ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၄.၁ရာခိုင်နှုန်းတိုးလာ

(GMT+08:00) 2018-04-17 13:30:13

ယခုနှစ်ပထမသုံးလပတ်အတွင်း တရုတ်လုပ်ငန်းရှင်များသည် ကမ္ဘာ့နိုင်ငံနှင့် ဒေသ၁၄၀မှ လုပ်ငန်းကုမ္ပဏီ၂၀၂၃ခုအား ငွေကြေးမဟုတ်သော တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅.၅ဘီလီယံရှိပြီး ၂၀၁၇ခုနှစ်အလားတူအချိန်ကာလကထက် ၂၄ရာခိုင်နှုန်း တိုးများလာကာ ၅လဆက်တိုက်တိုးတက်လာကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌါနမှ သတင်းကို ကိုးကား၍စီးပွားရေးနေ့စဉ်သတင်းစာမှ သတင်းအရသိရပါသည်။

သက်ဆိုင်ရာစာရင်းအရ ယခုနှစ်ပထမသုံးလပတ်အတွင်း တရုတ်လုပ်ငန်း ကုမ္ပဏီများသည် Belt & Roadတစ်ဝှမ်းမှ နိုင်ငံ၅၂နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃.၆၁ဘီလီယံရှိပြီး ၂၀၁၇ခုနှစ်အလားတူအချိန်ကာလကထက် ၂၂.၄ရာခိုင်နှုန်းတိုးများလာကြောင်း သတင်းရရှိပါသည်။

   Webradio