• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စ​တုတ္ထကြိမ်မြောက်တရုတ်-ဂျပန်စီးပွားရေးအဆင့်မြင့်ဆွေးနွေးပွဲကို ကျင်းပ

(GMT+08:00) 2018-04-17 13:29:29

ယခုလ၁၆ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဂျပန်နိုင်ငံတိုကျိုမြို့၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့်အတူ တရုတ်-ဂျပန်စီးပွားရေးစတုတ္ထကြိမ်မြောက်တရုတ်-ဂျပန်စီးပွားရေးအဆင့်မြင့်ဆွေးနွေးပွဲကို ပူးတွဲကြီးမှူး ကျင်းပ ခဲ့သည်။ ယင်းမှာ တရုတ်-ဂျပန်ဆက်ဆံမှုကောင်းမွန်လာနေသည့် အခြေအနေတွင် တရုတ်-ဂျပန်စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို ၈နှစ်ပြီးနောက် ပြန်လည် ကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်ဆွေးနွေးပွဲ၌ နှစ်ဦးနှစ်ဖက်တို့သည် အခြေအနေသစ်နှင့် အခွင့်အလမ်းသစ်များ ရင်ဆိုင်လျက် တရုတ်-ဂျပန်နှစ်နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွင် ဖွံ့ဖြိုးတိုးတက်မှုသစ်ရရှိရန် မျှော်လင့်ပြီး ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာကွယ်ရေးကို အာရုံစိုက်ခြင်းကိုလည်း ဖော်ပြခဲ့ကြကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

   Webradio