• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ ဂျပန်ချစ်ကြည်ရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ

(GMT+08:00) 2018-04-17 12:20:51

      တရုတ်နိုင်ငံတော်ကော်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၁၆ ရက်နေ့က ဂျပန်နိုင်ငံတိုကျိုမြို့၌ ဂျပန်-တရုတ်ချစ်ကြည်ရေးအသင်းအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ် ဆက်ခဲ့ရာ၌၊ ဝမ်ယိက ဂျပန်-တရုတ်ချစ်ကြည်ရေးအသင်းအဖွဲ့များမှ မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံနိုင်သည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ တရုတ်ပြည်တွင် ရေသောက် တဲ့အခါ၊ ရေတွင်းတူးတဲ့လူမမေ့နဲ့တော့ဟူ၍ ဆိုရိုးစကား တစ်ခွန်းရှိကြောင်း၊ တက်ရောက် လာသည့်မိတ်ဆွေများသည်၊ တရုတ်-ဂျပန်ချစ်ကြည်ရေး အရေးတော်ပုံကို ထောက်ခံသူ၊ တွန်းအားပေးသူနှင့် တည်ဆောက်သူများဖြစ်ကြကြောင်း ပြောကြားခဲ့သည်။

ဂျပန်ချစ်ကြည်ရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်တို့ကလည်း၊ ဂျပန်နှင့် တရုတ်တို့ သည်၊ အရေးကြီးပြီး ပြောင်းရွှေ.လို့မရသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း ပြောကြားခဲ့ ကြသည်ဟု သတင်းအရသိရသည်။

   Webradio