• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ သုံးလအတွင်း တရုတ် ဗဟို လုပ်ငန်းကုမ္ပဏီများ အရှိန်ကောင်းမွန်စွာ ဝင်ငွေ တိုးလာ

(GMT+08:00) 2018-04-17 09:53:36
တရုတ် နိုင်ငံတော်ကောင်စီ နိုင်ငံတော်ပိုင် ဓနဥစ္စာ ကြီးကြပ် စီမံရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူက၊ ယခုနှစ် ပထမ သုံးလပတ်အတွင်း တရုတ်ပြည် ဗဟို လုပ်ငန်း ကုမ္ပဏီများ၏ ကုန်ပစ္စည်း ရောင်းချမှု ဝင်ငွေမှာ ယွမ် ဘီလီယံ ၆၄၀၀ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၈့ ၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ မတ်လ အတွင်း အမြတ်အစွန်း ပမာဏမှာ ၁၇့ ၈ ရာခိုင်နှုန်း တိုးလာပြီး သမိုင်း စံချိန်သစ် တင်နိုင်ခဲ့ကြောင်း၊ သုံးလအတွင်း ဗဟို လုပ်ငန်းကုမ္ပဏီများ အခွန် ပေးဆောင်မှု ပမာဏမှာ ယွမ် ၅၈၇ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀့ ၆ ရာခိုင်နှုန်း တိုးလာကြောင်း ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။
   Webradio