• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်တွင်းပြည်ပ ရုပ်ရှင်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်း ရှာကြံ

(GMT+08:00) 2018-04-17 08:48:01

အဌမ အကြိမ်မြောက် ပီကင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ပြည်တွင်း ပြည်ပ ရုပ်ရှင် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယခုလ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ အမေရိကန် ရုပ်ရှင် ဒါရိုက်တာ Rob Minkoff နှင့် Huayi Brothers ဒါရိုက်တာချုပ် ဝမ်ကျုံလေး အပါအဝင် ပြည်တွင်းပြည်ပမှ ရုပ်ရှင် လုပ်ငန်းရှင်များသည် ရုပ်ရှင်ကား ပူးပေါင်း ရိုက်ကူရေး ကိစ္စရပ်များကို တိုင်ပင် ဆွေးနွေး ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ်များတွင် တရုတ်ပြည် ရုပ်ရှင် လုပ်ငန်း လျင်မြန်စွာ တိုးတက် လာကြောင်း၊ တစ်ပြည်လုံး၌ ရုပ်ရှင်ပြ ပိတ်ကား စုစုပေါင်း ၅၄၀၀၀ ကျော် ရှိပြီ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အများဆုံးပင် ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တစ်ပြည်လုံး၌ ရုပ်ရှင်ကား ဝင်ငွေမှာ ယွမ် ၅၅့ ၉ ဘီလီယံ ရှိပြီး ရုပ်ရှင်ကြည့် ပရိသတ် ဦးရေမှာ သန်း ၁၆၂၀ ကျော် ရှိကြောင်း၊ ၂၀၁၇ ခုနှစ် နှစ်ကုန် အထိ တရုတ်နိုင်ငံသည် နိုင်ငံ ၂၀ ကျော်နှင့် ပူးပေါင်း ရုပ်ရှင် ရိုက်ကူးရေး စာချုပ်များကို ချုပ်ဆိုခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ် ပီကင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ရုပ်ရှင်ကား ၁၅ ကားတို့သည် ထျန်ထမ်ဆု အတွက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio