• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတကာ သွင်းကုန်ပို့ကုန် ပြပွဲ မိတ်ဆက်ပွဲ ကျင်းပ

(GMT+08:00) 2018-04-16 12:47:44

တရုတ်နိုင်ငံတကာ သွင်းကုန်ပို့ကုန်ပြပွဲ မိတ်ဆက်ပွဲကို မကြာခင်က ဗီယက်နမ်နိုင်ငံ ဟိုချီမင်မြို့တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုအကြိမ်မိတ်ဆက်ပွဲကို ဗီယက်နမ်ဆိုင်ရာ တရုတ်သံရုံးစီးပွားရေးရုံးဌာန၊ ဟိုချီမင်ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ်ရုံး နှင့် ဗီယက်နမ် စက်မှုကုန်သွယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ထွန်းအားပေးမှုဗျူရိုတို့က ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း၊ ဟိုချီမင်မြို့ရှိ အရေးကြီး လုပ်ငန်း ကုမ္ပဏီ၃၀ကျော်နှင့် ဗီယက်နမ်၊ တရုတ်မီဒီယာဌာန ၃၀မှ ကိုယ်လှယ်စားများသည် ယင်းလှုပ်ရှားမှုသို့ တက်ရောက်ခဲ့ကြကြောင်း၊ သတင်းရရှိပါသည်။

ယခုအကြိမ်ပြပွဲကျင်းပခြင်းဖြင့် တရုတ်-ဗီယက်နမ် ကုန်သွယ်ရေး ညီမျှစွာ၊ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်အောင် ထွန်းအားပေးနိုင်ဖွယ်ရာရှိကြောင်း၊ ဗီယက်နမ် လုပ်ငန်းကုမ္ပဏီများ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် အရေးကြီး ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းသစ်ကို ထူထောင်ရန်ဖြစ်ကြောင်း ဗီယက်နမ် အစိုးရအရာရှိတစ်ဦးက ပြောပါသည်။

   Webradio