• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တိုင်သက္ကရာဇ်နှစ်သစ်တွင် ရေတောင်းယူရေးအခမ်းအနားကျင်းပ

(GMT+08:00) 2018-04-16 11:01:43

တိုင်သက္ကရာဇ် ၁၃၈၀ နှစ်သစ်တွင် မွန်မြတ်သောရေကိုကြိုဆို မင်္ဂလာကိုပေးပို့ ဟူသော ရေတောင်းယူရေးအခမ်းအနားကို ယမန်နေ့ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားဒေသ ကျင်ဟုန်မြို့ လမ်ဆန်မြစ်ကမ်းနားတွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟုစီအာအိုင်သတင်းအရသိရသည်။

တစ်နှစ်တစ်ကြိမ်ကျင်းပလျက်ရှိသော တိုင်သက္ကရာဇ်နှစ်သစ်သည် ရှစ်ဆောင်ပဏ္ဏား ဒေသ အရေးအကြီးဆုံးသော ရိုးရာပွဲတော်ဖြစ်ပြီး သင်္ကြန်ပွဲတော်ဟုလည်းခေါ်သည်။ သင်္ကြန်ပွဲတော် ရေတောင်းယူရေးအခမ်းအနားသည် ရှစ်ဆောင်ပဏ္ဏား တိုင်းရင်းသားအသီးသီးမှ ပြည်သူများသည် မိခင်မြစ်ဖြစ်သော လမ်ဆန်မြစ်အပေါ် ကျေးဇူးတင်သော သံယောဇဉ်ကို ဖေါ်ပြထားကြောင်းသိရသည်။

   Webradio