• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ဆီးရီးယား ဓာတုလက်နက် တိုက်ခိုက်မှု"နှင့်ပတ်သက်ပြီး သီးသန့်စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အာရပ်နိုင်ငံများ ပန်ကြား

(GMT+08:00) 2018-04-16 10:19:41

        နိုင်ငံတကာမိသားစုကြီးအနေနှင့် "ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှု"ဟူသော အရေးအခင်းကို သီးသန့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အာရပ်နိုင်ငံများမှ ခေါင်းဆောင်များသည် ယခုလ ၁၅ ရက်နေ့က ပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        အာရပ်နိုင်ငံများ အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးကို ဆော်ဒီအရေးဗျနိုင်ငံ၌ ၁၅ ရက်နေ့တွင် ၁ ရက်ကြာ ကျင်းပပြီးနောက် ကြေညာစာတမ်းထုတ်ပြန်ခဲ့ရာ နိုင်ငံရေး နည်းလမ်းဖြင့် ဆီးရီးယားပြဿနာကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် နိုင်ငံခြားတပ်ဖွဲ့များသည် ဆီးရီးယားနိုင်ငံမှ ထွက်ခွာရမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio