• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေး

(GMT+08:00) 2018-04-16 10:05:37

      တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည်၊ ယခုလ ၁၅ ရက်နေ့ က ဂျပန်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ခဲ့ရာ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Konoနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ဝမ်ယိက တရုတ်-ဂျပန်ဆက်ဆံမှုသည်၊ ကောင်းမွန် လာရန်  အလားအလာပေါ်ပေါက် နေသော်လည်း၊ ရှပ်ထွေးပြီးထိလွယ်သော အကြောင်း အရာများရှိနေသေးကြောင်း၊ မိမိ၏ ယခုအကြိမ်ဂျပန်ခရီးစဉ်သည်၊ လွန်ခဲ့သည့် ရက်များ အတွင်း တရုတ်ပြည်အပေါ် ဂျပန် နိုင်ငံ၏ အပြုသဘောဆောင်သော ပေါ်လစီအတွက် တုံ့ပြန်ခြင်းဖြစ်ပြီး၊ ၂ နိုင်ငံ ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာရေးအတွက် အရေးကြီး ခြေလှမ်းတစ်လှမ်းဖြစ်ကာ၊ ၂ နိုင်ငံ ထိပ်သီးများ တစ်ဆင့်တက် ထိတွေ့ဆက်ဆံရေးအတွက် အခြေအနေဖန်တီးပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နှစ်ဦးနှစ်ဖက်တို့သည်၊ ကိုးရီးယားကျွန်းဆွယ်အခြေအနေအပါအဝင် အတူတကွ အရေးထားကြသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု သတင်းအရသိရသည်။

 

   Webradio