• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၊ဗြိတိန်၊ပြင်သစ်တို့သည် ဆီးရီးယားအပေါ် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု နှင့်ပတ်သက်၍ တရုတ်တုန့်ပြန်

(GMT+08:00) 2018-04-15 11:28:21

     ဘေကျင်းစံတော်ချိန်ယမန်နေ့ ၁၄ ရက်နေ့နံနက်ပိုင်းက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံတို့သည် ဆီးရီးယားအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုနေ့တွင်ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဟွာ့ချွန်ယင်က ယင်းနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

   ဟွာ့ချွန်ယင်က တရုတ်နိုင်ငံအနေနှင့် နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အား အသုံးပြုခြင်းကို ဆန့်ကျင်မြဲဖြစ်ပြီး နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာပိုင်ခွင့်၊ သီးခြားစွာ ရပ်တည်ခြင်း၊ ပိုင်နက်နယ်မြေပြည့်စုံခြင်းတို့ကို ရိုသေလေးစားကြောင်း၊ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီကိုဖယ်ပြီး ကျင့်သုံးသည့် တဖက်သတ်စစ်ရေးဆောင်ရွက်မှုမှန်သမျှသည် ကုလသမဂ္ဂ ဋိညာဉ်စာချုပ် မူနှင့် ကျောခိုင်းသကဲ့သို့  နိုင်ငံတကာဥပဒေမူနှင့်လည်း ကျောခိုင်းကြောင်းပြောကြားသည်။

   Webradio