• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးသည် ၂၀၁၈ သင်္ကြန် မိတ်ဆုံပွဲ ကျင်းပ

(GMT+08:00) 2018-04-14 10:19:54

ယခုလ ၁၃ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် သင်္ကြန် မိတ်ဆုံပွဲကို ကျင်းပခဲ့ကြောင်း၊ သံအမတ်ကြီး ဟုန်လျန့်နှင့် ဇနီး၊ သံရုံးမှ ဝန်ထမ်းများသည် မြန်မာ နိုင်ငံ အလွှာပေါင်းစုံမှ ချစ်ကြည်ရေး ပုဂ္ဂိုလ်များနှင့်အတူ မြန်မာ ရိုးရာ သင်္ကြန်ပွဲတော်ကို အတူ နွှဲပျော်ခဲ့ကြပါသည်။

သံအမတ်ကြီး ဟုန်လျန့်နှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည် မိန့်ခွန်း အသီးသီး ပြောကြားခဲ့ကြပါသည်။ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ရန်ကုန်မြို့ မြို့တော်ဝန်၊ မြန်မာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ တရုတ် အနွယ်ဖွားများ၊ တရုတ် လုပ်ငန်းကုမ္ပဏီမှ ပုဂ္ဂိုလ်များ၊ ပညာတော်သင်များနှင့် မီဒီယာ ကိုယ်စားလှယ် စုစုပေါင်း လူ ၂၀၀ ကျော်တို့သည် မိတ်ဆုံပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြပါသည်။

   Webradio