• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ဗြိတိန်၊ ပြင်သစ်နှင့် ပူးပေါင်းပြီး ဆီးရီးယား စစ်ရေးအဆောက်အအုံ များကို တိုက်ခိုက်ကြောင်း ထရန့် ကြေညာ

(GMT+08:00) 2018-04-14 09:43:57

အမေရိကန် သမ္မတ ထရန့်က၊ အမေရိကန်သည် ဗြိတိန်၊ ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းပြီး ဆီးရီးယား၏ စစ်ရေး အဆောက်အအုံများကို တိကျစွာ တိုက်ခိုက်မှု ပြုလုပ်နေပြီ ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့ညက ကြေညာခဲ့ပါသည်။

ယခုလ ၁၄ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် ဆီးရီးယားနိုင်ငံ ဒမ်မတ်စကပ် မြို့တော် ခေါင်းကင်ယံ၌ ပေါက်ကွဲသံများ ကြားရကြောင်း၊ ဆီးရီးယား နိုင်ငံတော် အသံလွှင့် ဌာနက၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ဆီးရီးယားအား ကျူးကျော်မှု ပြုလုပ်သည်ဟု ကြေညာခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio