• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယား ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် မာကျော်ရှု ပန်ကြား

(GMT+08:00) 2018-04-14 09:24:15

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့က အရှေ့အလယ်ပိုင်း အခြေအနေဆိုင်ရာ အိုးပင်း အစည်းအဝေး ကျင်းပပြီး၊ ပါလက်စတိုင်း- အစ္စရေး ပြဿနာ၊ ဆီးရီးယား အခြေအနေ အပါအဝင် အရှေ့အလယ်ပိုင်း အခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဆီးရီးယား အခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် မာကျောရှုက၊ တရုတ်နိုင်ငံသည် အငြင်းပွါးမှုကို ငြိမ်းချမ်းစွာ ကိုင်တွယ် ဖြေရှင်းရန် တလျှောက်လုံး စွဲကိုင် ပါကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့ အနေနှင့် ခေါင်းအေးအေးထားပြီး တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန် တရုတ်ပြည်ဘက်က ပန်ကြားလိုကြောင်း ပြောကြားပါသည်။

   Webradio