• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ်ရေး ဆောင်ရွက်မှုသစ် ကြေညာ

(GMT+08:00) 2018-04-14 08:23:23

တရုတ် ဟိုင်နန် ပြည်နယ် စီးပွါးရေး အထူး ဖွံ့ဖြိုးရေးဇုန် တည်ထောင်ခဲ့သည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးကို ယခုလ ၁၃ ရက်နေ့က ဟိုင်နန်ပြည်နယ် ပြည်သူ့ကွန်ဂရက် ခန်းမဆောင်၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းဝေး တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ခေတ်သစ်တွင် ဟိုင်နန် ပြည်နယ်သည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲမှုကို အဓိကရ အဖြစ် ထားပြီး လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်နှင့် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်းများကို တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ဟိုင်နန် ပြည်နယ်ကို ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးဆိုင်ရာ တံခါးဖွင့် စမ်းသပ်ဇုန်၊ နိုင်ငံတော် ဂေဟစနစ် ထိန်းသိမ်းရေး စမ်းသပ်ဇုန်၊ နိုင်ငံတကာ ခရီးသွားစင်တာနှင့် နိုင်ငံတော် အရေးကြီး မဟာဗျူဟာများအား ဝန်ဆောင်မှု ပေးရေး အာမခံဇုန် အဖြစ် အစွမ်းကုန် တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဟိုင်နန်ပြည်နယ်သည် တရုတ်ပြည် တောင်ဘက်စွန်း၌ တည်ရှိပြီး၊ ဟိုင်နန်ကျွန်း၊ ရှီးစား၊ နန်စား၊ ကျုံးစား ကျွန်းစုများနှင့် အနီးတဝိုက်ပင်လယ်ဒေသများ ပါဝင်ကာ တရုတ်ပြည် အကြီးဆုံးသော စီးပွါးရေး အထူး ဖွံ့ဖြိုးရေးဇုန် ဖြစ်ကြောင်း သိရပါသည်။

   Webradio