• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပိုအော် အာရှ ဖိုရမ်သို့ တက်ရောက်ကြသော လုပ်ငန်းရှင်များနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2018-04-11 16:31:20

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၁ရက်နေ့က ဟိုင်နန်ပြည်နယ် ပိုအော်တွင် ပိုအော် အာရှ ဖိုရမ် ၂၀၁၈ခုနှစ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ကြသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပခဲ့ ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် ရှီကျင့်ဖိန်က မိမိတို့သည် တရုတ် စီးပွားရေး ရှေ့အလားအလာ အပေါ် အကောင်းဘက်မှ မြင်နေကြောင်း၊ တရုတ်ပြည်သည်  "ရာစုနှစ် ၂ခု"ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အားထုတ်ကြိုးပမ်းနေကြောင်း၊ ယင်းသည် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက် ဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် တံခါးဖွင့်မှုကို ဆက်လက် ခိုင်မာပြတ်သားစွာ ကျင့်သုံးပြီး အာရှနှင့် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း၊ တရုတ် ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမှ အောင်ကျိုးရလဒ်များကို အတူမျှဝေခံစားရန် ကြိုဆိုကြောင်း၊ တရုတ်ပြည် အနေနှင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အတွက် ပိုမိုစနစ်တကျရှိပြီး ကောင်းမွန် ချောင်လည်သော ရင်းနှီးမြှုပ်နှံရေးနှင့် လုပ်ငန်းထူထောင်ရေး အခြေအနေကို ဖန်တီးပေး မည်ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးမှ လုပ်ငန်းရှင်များက တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ဖြစ်စဉ်သစ်တွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုများ ရရှိရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ Chia Taiကုမ္ပဏီအုပ်စု ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ၊ CEO ရှဲ့ကိုမင်၊ တရုတ် COSCO Shipping ကုမ္ပဏီ အုပ်စု လိမိတက် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ရွှီလိရွန်၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် ဗြိတိန်စသည့် နိုင်ငံများမှ လုပ်ငန်းရှင် ၇၀ကျော်တို့သည် ၄င်းနှီးနှောဖလှယ်ပွဲတွင် ပါဝင်ကြကြောင်း၊ ၄င်းတို့က တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုတွင် ရရှိသော အောင်မြင်မှုနှင့် ကမ္ဘာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး အတွက် တရုတ်ပြည်မှ အကျိုးပြုစွမ်းဆောင်မှုများကို ချီးကျူးကြောင်း ဖော်ပြကြသည်။

   Webradio