• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော် အာရှ ဖိုရမ်သည် ကမ္ဘာနှင့် ဒေသတွင်း ပြဿနာများကို ဖြေရှင်းရေး အတွက် အရေးကြီး ပလက်ဖောင်း ဖန်တီးပေးဟု ကမ္ဘောဒီးယား အစိုးရ အကြံပေးအရာရှိဆို

(GMT+08:00) 2018-04-11 14:39:57

ကမ္ဘောဒီးယား အစိုးရ အကြံပေးအရာရှိ၊ လန်ဆန်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကမ္ဘောဒီးယား အတွင်းရေးမှူးဌာန တာဝန်ခံ စို့စီပါနာက မကြာခင်က တရုတ် ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပိုအော် အာရှ ဖိုရမ်သည် ကမ္ဘာနှင့် ဒေသတွင်း ပြဿနာများကို ဖြေရှင်းရေး အတွက် အရေးကြီးသည့် ပလက်ဖောင်းကို ဖန်တီးပေးနေကြောင်း ပြောကြားသည်။

ပိုအော် အာရှ ဖိုရမ် ၂၀၁၈ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ တရုတ်ပြည် ဟိုင်နန်ပြည်နယ် ပိုအော်တွင် ကျင်းပနေကြောင်း၊ စို့စီပါနာက ယခုနှစ်တွင် ကမ္ဘာနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုသည် ရှုပ်ထွေးစွာ ပြောင်းလဲနေကြောင်း၊ တစ်ဖက်က ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးနှင့် ဂလိုဘယ်လိုင်ဇေးရှင်း ရေစီးကြောင်းကို ဖီလာဆန့်ကျင်ပြီး လုပ်ခြင်းတို့သည် ဦးမော့လာနေကြောင်း၊ နောက် တစ်ဖက်ကတော့ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် ကမ္ဘာ ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးနေကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက ပြီးခဲ့သည့် ပိုအော် အာရှ ဖိုရမ် အကြိမ်များကဲ့သို့ ယခုအကြိမ် ပိုအော် အာရှဖိုရမ်တွင် ကမ္ဘာနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အပေါ် အရေးကြီး သြဇာသက်ရောက် မှုရှိသည့် အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း၊ ဆွေးနွေးရေး ခေါင်းစဉ်များတွင် ငွေကြေး သိပ္ပံနည်းပညာ၊ blockchain ၊ A.I ၊ big data ၊အပြန်အလှန် ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် အရေးကြီး စီးပွားရေး အုပ်စုများ၏ ကုန်သွယ်ရေးနှင့် ငွေကြေး မူဝါဒစသည်များ ပါဝင်ကြောင်း ပြောကြားသည်။

စို့စီပါနာက လက်ရှိအချိန်တွင် ကမ္ဘာ စီးပွားရေး အခြေအနေသည် လေးနက်စွာ ပြောင်းလဲနေကြောင်း၊ ပိုအော် အာရှ ဖိုရမ်သည် ကမ္ဘာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ စီမံခန့်ခွဲရေး ပြဿနာများ အပေါ် ကျယ်ပြန့်သော သြဇာညောင်းမှု သက်ရောက်နေကြောင်း၊ မိမိသည် ဖိုရမ်တွင် တက်ရောက်ကြသူများမှ အကြံကောင်းဥာဏ်ကောင်းများကို နည်းယူ လေ့လာပြီး ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio