• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော်အာရှဖိုရမ် ၂၀၁၈ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ပြောကြားသည့် မိန့်ခွန်း၏ အဓိက အချက်များ

(GMT+08:00) 2018-04-10 18:24:52

ဧပြီလ ၁၀ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပိုအော် အာရှ ဖိုရမ် ၂၀၁၈ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တွင် "တံခါးဖွင့်မှုဖြင့် စည်ပင်သာယာရေးကို အတူ ဖန်တီးပေးရန်၊ ဆန်းသစ်တီထွင်မှုဖြင့် အနာဂတ်ရေးကို ဦးဆောင်ရန်" ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ အောက်ပါ အချက်များသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောကြားသည့် မိန့်ခွန်း၏ အဓိက အချက်များ ဖြစ်သည်။

 

၁၉၇၈ခုနှစ်က တရုတ် ကွန်မြူနစ်ပါတီ ၁၁ကြိမ်မြောက် ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပခြင်းဖြင့် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ဖြစ်စဉ်ကို စတင် ဖွင့်လှစ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်၄၀အတွင်း တရုတ်ပြည်သူများ သည် အားထုတ်ကြိုးပမ်းပြီး နိုင်ငံတော်နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ပါသည်။

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စု၊ ကမ္ဘာ့ အကြီးဆုံး စက်မှုလုပ်ငန်း နိုင်ငံ၊ ကမ္ဘာ့ အကြီးဆုံး ပစ္စည်း ကုန်သွယ်ရေး နိုင်ငံ၊ ကမ္ဘာပေါ်တွင် နိုင်ငံခြား အရန်ငွေ ပမာဏ အများဆုံး နိုင်ငံ၊ တရုတ်ပြည်၏ ဂျီဒီပီ နှစ်စဉ် ပျမ်းမျှ တိုးနှုန်းမှာ ၉့၅ရာခိုင်နှုန်းရှိကာ နိုင်ငံခြား ကုန်သွယ်မှု နှစ်စဉ် ပျမ်းမျှ တိုးနှုန်းမှာ ၁၄့၅ရာခိုင်နှုန်းရှိနေပြီး ဆင်းရဲသူ သန်းပေါင်း ၇၀၀၏ ဆင်းရဲမှုကို ပပျောက်စေပြီး ကမ္ဘာ့ ဆင်းရဲမှု ပပျောက်စေရေး စုစုပေါင်း ပမာဏ၏ ရာခိုင်နှုန်း ၇၀ကျော်ရှိကာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ရာခိုင်နှုန်း ၃၀ကျော် ဆက်တိုက်ရှိသည်။

 

နိုင်ငံတစ်နိုင်ငံ၊ အမျိုးသား တစ်ခု အနေနှင့် ဖွံဖြိုးတိုးတက်မှု အကောင်အထည် ဖော်ချင်ရင် ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့် အညီ ဆောင်ရွက်ရန် လိုသည်။ ယင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ရရှိခဲ့သော  တန်ဖိုးအများဆုံး အသိဥာဏ် ဖွင့်ပေးမှု ဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် တရုတ်ပြည် အတွက် ဒုတိယ အကြိမ် တော်လှန်ရေး ဖြစ်ပြီး တရုတ်ပြည်ကို လေးနက်စွာ ပြောင်းလဲစေသလို ကမ္ဘာကို လေးနက်စွာ ပြောင်းလဲစေခဲ့သည်။

 

မိမိတို့ အနေနှင့် သမိုင်း ဥပဒေသကို သိရှိစွဲကိုင်ပြီး ရှုပ်ထွေးပွေလီသော နိုင်ငံတကာ အခြေအနေကို မှန်ကန်စွာ ရှုမြင်ရန် လိုသည်။

လက်ရှိအချိန်တွင် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ တံခါးဖွင့်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေးတို့သည် ကမ္ဘာကြီး၏ ရေစီးကြောင်း ၃ရပ်ဖြစ်သည်။

အနာဂတ်တွင် နိုင်ငံ အသီးသီး အကြား အပြန်အလှန် လေးစားရေး၊ တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံရေး၊ တိုင်ပင်ဆွေးနွေးရေး၊ တာဝန်ဝတ္တရားများကို အတူထမ်းဆောင် ကြခြင်း၊ တစ်လှေတည်းစီး၊ တခရီးတည်းသွားခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အတူ အောင်မြင်မှုများ ရရှိခြင်း၊ အပြန်အလှန် သိရှိနားလည်ရေးနှင့် သက်ညှာ ထောက်ထားရေး၊ သဘာဝနှင့် ကမ္ဘာမြေကြီး အပေါ် ချစ်မြတ်နိုးလေးစားခြင်းများကို ဆောင်ရွက်သင့်သည်။

 

    ခေတ်ကာလသစ်တွင် တရုတ်ပြည်သူများသည် ဆန်းသစ်တီထွင်မှုကို ဆက်လက် ပြုလုပ်ပြီး ပြုပြင်ပြောင်းလဲမှုကို ဦးလည်မသုန် ဘက်စုံဇောက်ချပြုလုပ်ကာ လူသား တစ်ရပ်လုံး အတွက် ပိုမိုကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်မည်။

 

တရုတ်ပြည်သည် ဈေးကွက်သို့ ဝင်ရောက်ရန် သတ်မှတ်ထားသော စံနှုန်းများအား များစွာ လျှော့ပေါ့ရေး၊ ဆွဲဆောင်မှု ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံရေး အခြေအနေအား ဖန်တီးပေးရေး၊ ပညာ မူပိုင်ခွင့် အားဖြည့်ထိန်းသိမ်းကာကွယ်ရေးနှင့် သွင်းကုန် တိုးချဲ့ရေး အပါအဝင် တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ရေး ဆောင်ရွက်ချက်များကို ကျင့်သုံးမည်။

 

ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုသည် လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရင်းခံ တွန်းအားပေးမှု ဖြစ်သည်။

 

   တရုတ်ပြည်သည် ဘယ်တော့မှ အခြား နိုင်ငံ အပေါ် ခြိမ်းခြောက်မှု ပြုမည်မဟုတ်၊ နိုင်ငံတကာ စနစ်ကို တွန်းလှန်မည် မဟုတ်။ တရုတ်ပြည်သည် ကမ္ဘာ့ ငြိမ်းချမ်းရေး  အတွက် တည်ဆောက်သူ၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်သူနှင့် နိုင်ငံတကာ စနစ် အတွက် ထိန်းသိမ်းကာကွယ်သူ တလျှောက်လုံး ဖြစ်သည်။

 

   ဂလိုဘယ်လိုင်ဇေးရှင်းသည် ယနေ့ခေတ်၏ ရေစီးကြောင်း ဖြစ်သည်။ တရုတ်ပြည် အနေနှင့် တံခါးဖွင့်မှု မူဝါဒကို စွဲကိုင်ကျင့်သုံးမည်၊ တရုတ်ပြည်၏ တံခါးကို ပိတ်ထားမည် မဟုတ်ဘဲ တစ်နေ့တခြား တိုးချဲ့ဖွင့်ထားမည်။

 

    Belt and Road အဆိုပြုချက်ကို တရုတ်ပြည်မှ တင်ပြသော်လည်း ဆောင်ကြဉ်း လာသည့် အခွင့်အလမ်းနှင့် အောင်မြင်မှုများကို တစ်ကမ္ဘာလုံး ပိုင်ဆိုင်ထားသည်။ တရုတ်ပြည်သည် Belt and Roadကို စီးပွားရေး ဂလိုဘယ်လိုင်ဇေးရှင်းနှင့် လိုက်လျော ညီထွေသော ကျယ်ပြန့်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပလယ်ဖောင်း အဖြစ် တည်ဆောက်မည်။

   Webradio