• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ညှိနှိုင်းဆွေးနွေးခြင်းသည် တရုတ်-အမေရိကန်ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းသော အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု မြန်မာအရာရှိဆို

(GMT+08:00) 2018-04-10 15:02:27

   မြန်မာနိုင်ငံအရာရှိ ဒေါ်ခင်မာအေးသည် မကြာခင်က စီအာအိုင်သတင်းထောက်နှင့် တွေ့ ဆုံရာတွင် လွတ်လပ်စွာကုန်သွယ်ရေးအခြေအနေတွင် ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာ ကွယ်ရေးလုပ်ရပ်သည် မသင့်တော်ကြောင်း၊ ညှိနှိုင်းဆွေးနွေးခြင်းသည် တရုတ်-အမေရိကန်ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းသော အကောင်းဆုံးနည်းလမ်း ဖြစ် ကြောင်းပြောကြားသည်။

   ဒေါ်ခင်မာအေးသည် မြန်မာနိုင်ငံစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိဖြစ်ပြီး လက်ရှိအချိန်တွင် ဘေကျင်းတက္ကသိုလ်တွင် စီးပွားရေးပြည်သူရေးရာစီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် ပညာသင်ကြားနေသည်။ ဒေါ်ခင်မာအေးက အကယ်၍ တရုတ်အမေရိကန်ကုန်သွယ်ရေး အငြင်းပွားမှု ဆက်တိုက်ဖြစ်ပွားလျှင် နှစ်နိုင်ငံစီးပွားရေး၊ ရင်းနှီးမြှုပ်နှံသူနှင့် သာမန်စားသုံး သူများ၏ အကျိုးစီးပွားကို ထိခိုက်ရုံသာမက နှစ်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးစသည့် နိုင်ငံ၏အကျိုးစီးပွားကိုလည်း ထိခိုက်မည်ဖြစ်ကြောင်းပြောကြားသည်။

   ဒေါ်ခင်မာအေးက တရုတ်-အမေရိကန်ကုန်သွယ်ရေးအငြင်းပွားမှုကို ဖြေရှင်းသည့် တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းမှာ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ပြီး ယင်းသည် နှစ်ဖက်အတွက် အကျိုးရှိသည်ဟုပြောကြားသည်။

   Webradio