• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဂျပန်ဧည့်သည်တော်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-04-10 14:52:44

ယခုလ ၉ရက်နေ့က တရုတ်ပြည်သူ့ ခန်းမဆောင်ကြီးတွင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဂျပန်နိုင်ငံတကာ ကုန်သွယ်မှုတိုးမြှင့်ရေးအသင်း ဥက္ကဋ္ဌ Yohei Kounoဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်း အရ သိရပါသည်။

ယခုလောလောဆယ် ခြုံပြီးကြည့်မည်ဆိုလျှင် တရုတ်-ဂျပန်ဆက်ဆံရေးသည် ကောင်းမွန်လာကြောင်း၊ နှစ်နိုင်ငံအကြား အပြုသဘောဆောင်သော ကူးလူးဆက်ဆံမှု မနည်းသော်လည်း စိန်ခေါ်မှုလည်းရှိနေသေးကြောင်း၊ နှစ်ဘက် အဆင့်မြင့် ကူးလူးဖလှယ်မှုနှင့် နှစ်နိုင်ငံ ဆက်ဆံမှုပြန်လည်ကောင်းမွန်စေရန် ကောင်းမွန်သော အခြေအနေကို ဖန်တီးပေးပြီး အမျှော်အမြင်ကြီးကြီးဖြင့် လုပ်ဆောင်သင့်ကြောင်း လီခေ့ချန်က ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio