• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ချီစန်းက စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံးနှင့် တွေ့ဆုံ

(GMT+08:00) 2018-04-10 14:19:50

တရုတ်နိုင်ငံတော် ဒုဥက္ကဋ္ဌ ဝမ်ချီစန်းသည် ဧပြီလ ၉ရက်နေ့တွင် ပီကင်းမြို့၌ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံးနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်-စင်္ကာပူ ဆက်ဆံရေးသည် မဟာဗျူဟာသဘောပါကြောင်း၊ နှစ်ဖက်တို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန်အကျိုးရှိစေကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးရန်အတွက် စင်္ကာပူ နိုင်ငံနှင့်အတူ အပြန်အလှန်နည်းယူလေ့လာလိုကြောင်း ဝမ်ချီစန်းက ထိုသို့တွေ့ဆုံရာတွင် ပြောကြားပါသည်။

စင်္ကာပူ-တရုတ်ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ ကမ္ဘာ့ စီမံခန့်ခွဲရေးစံနစ်ထူထောင်ရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို စင်္ကာပူသည် တွေ့မြင်နေကြောင်း၊ စင်္ကာပူနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာဆိုင်ရာ ညီညွတ်စေရေးကို အားဖြည့်ဆောင်ရွက်ပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေလိုကြောင်း လီရှန်လုံးက ပြောကြားပါသည်။

   Webradio