• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ တံခါးဖွင့်မှု၊ ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ် တီထွင်မှုတို့သည် လက်ရှိ ကမ္ဘာကြီး၏ ရေစီးကြောင်း ၃ခုဖြစ်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00) 2018-04-10 13:28:17

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ အသီးသီးမှ ပြည်သူများ၏ ဘုံလိုအင်ဆန္ဒဖြစ်ကြောင်း၊ စစ်အေး အတွေးအခေါ်နှင့် zero-sum game အတွေးအခေါ်သည် ခေတ်ကုန်ပြီ ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ အကြားရှိ ဆက်စပ်မှုနှင့် အပြန်အလှန် ဂယက်ရိုက်ခတ်မှုသည် တစ်နေ့တခြား တိုးပွားလာကြောင်း၊ အပြန်အလှန် ဆက်သွယ်မှု တွန်းအားပေးရေး၊ ရောနှောပေါင်းစပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့် ဆောင်ရွက်ခြင်း တို့သည် အတူ စည်ပင်သာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရန် လိုအပ်ချက်များ ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုတို့သည် လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန် အရင်းခံ တွန်းအားပေးမှု ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

 

   Webradio