• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် WTO ၏ အာဏာသြဇာကို ထိခိုက်ပြီး နိုင်ငံစုံ ကုန်သွယ်မှု စည်းစနစ် အပေါ် ပြောင်ပြောင်တင်းတင်း ရန်စခြင်း ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များ ဆို

(GMT+08:00) 2018-04-10 12:28:33

မကြာမီက အမေရိကန် အစိုးရသည် "၃၀၁ စုံစမ်းစစ်ဆေးမှု" ရလဒ်အရ အခွန် တိုးကောက်ရန် တရုတ်ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက်ကို တင်ပြခဲ့သည့်အပြင် အခွန် တိုးကောက်ရန် တစ်ဆင့်တိုး ဆောင်ရွက်မည်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။

တရုတ် နိုင်ငံခြား စီးပွါးကုန်သွယ်ရေး တက္ကသိုလ် WTO ရေးရာ သုတေသနဌာန ဌာနမှူး ထူရွှင်ချွမ်၊ တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး ကမ္ဘာ့ စီးပွါးရေးနှင့် နိုင်ငံရေး သုတေသနဌာနမှ နိုင်ငံတကာ ကုန်သွယ်ရေးရုံး ဥက္ကဋ္ဌ တုန်ယန် အပါအဝင် တရုတ် ကျွမ်းကျင်ပညာရှင်များက၊ အမေရိကန်၏ ယင်းလုပ်ရပ်သည် WTO ၏ အာဏာသြဇာကို ထိခိုက်ပြီး WTO မူနှင့် စိတ်ဓါတ်ကို ကျောခိုင်းကာ နိုင်ငံတကာ ကုန်သွယ်ရေးလောကဆိုင်ရာ စာချုပ်များအား ပြင်းထန် ဆိုးဝါးစွာ နင်းချေခြင်း ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံစုံ ကုန်သွယ်ရေး စည်းစနစ် အပေါ် ပြောင်ပြောင်တင်းတင်း ရန်စခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

   Webradio