• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြီးခဲ့သည့် နှစ်၄၀အတွင်း တရုတ် ဂျီဒီပီ စုစုပေါင်းပမာဏ နှစ်စဉ် ၉.၅ ရာခိုင်နှုန်းတိုးများ

(GMT+08:00) 2018-04-10 11:03:51

တရုတ်နိုင်ငံ တံခါးဖွင့်ရေးနှင့် ပြုပြင်ပြောင်းလဲရေးပေါ်လစီ ကျင့်သုံးခဲ့သော နှစ်၄၀ အတွင်း တရုတ်ပြည်သူပြည်သားများသည် ထူထောင်ရေး၊ တံခါးဖွင့်ရေးနှင့် ပြုပြင် ပြောင်လဲရေးကို ပြတ်သားစွာ ဆောင်ရွက်ခဲ့သောကြောင့် တရုတ်ပြည်၏ ကုန်ထုတ်စွမ်းအားသည်  များစွာလွတ်မြောက်ပြီး ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ မျက်မှောက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စု၊ ကမ္ဘာ့ အကြီးဆုံး စက်မှုလုပ်ငန်းနိုင်ငံ၊ ကမ္ဘာ့ အကြီးဆုံး ကုန်ပစ္စည်းရောင်းဝယ်ရေးနိုင်ငံ နှင့် နိုင်ငံခြားအရန်ငွေပမာဏ အများဆုံး နိုင်ငံ ဖြစ်လာပြီဖြစ်ကြောင်း၊ ပြီးခဲ့သော နှစ် ၄၀အတွင်း ဂျီဒီပီ စုစုပေါင်းပမာဏ နှစ်စဉ်ပျမ်းမျှ ၉.၅ ရာခိုင်နှုန်း တိုးများလာပြီး နိုင်ငံခြားနှင့် ကုန်သွယ်မှုပမာဏ နှစ်စဉ် ပျမ်းမျှ ၁၄.၅ ရာခိုင်နှုန်း တိုးများလာကြောင်း တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဧပြီလ ၁၀ရက်နေ့က  ပြောဆိုပါသည်။

   Webradio