• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် ကမ္ဘာကြီးအား နက်ရှိုင်းစွာ သြဇာသက်ရောက်ခဲ့သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-04-10 10:34:31

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့က ပိုအော် အာရှ ဖိုရမ်တွင် မိန့်ခွန်း ပြောကြားရာ၌၊ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်နိုင်ငံသည် တံခါးပိတ်၊ တံခါး တစ်ဝက်ပိတ် အခြေအနေမှနေ၍ ဘက်စုံ တံခါးဖွင့်ခြင်းသို့ အောင်မြင်စွာ တက်လှမ်းခဲ့ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်ပြီး Belt and Road လက်တွဲ တည်ဆောက်ရေးတွင်လည်း ပါဝင် ဆောင်ရွက် လာခဲ့ကြောင်း၊ ကမ္ဘာ့စီးပွါးရေးအပေါ် အကျိုးပြု စွမ်းဆောင်နှုန်းမှာ နှစ်ပေါင်းများစွာ အတွင်း ၃၀ ရာခိုင်နှုန်းကျော် ဆက်တိုက် ရှိနိုင်ခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် တရုတ်ပြည်၏ ဒုတိယ အကြိမ် တော်လှန်ရေး ဖြစ်ပြီး ပြည်သူများ၏ ဖွံ့ဖြိုးရေး၊ ဆန်းသစ်ရေးနှင့် သာယာလှပသော နေထိုင်မှုဘဝဆိုင်ရာ လိုအပ်ချက်နှင့် ကိုက်ညီပါကြောင်း ပြောကြားပါသည်။

   Webradio