• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်-ထိုင်ဝမ် အစိုးရချင်း ကူးလူးဆက်ဆံမှုနှင့် အမေရိကန်က ထိုင်ဝမ်အား လက်နက် ရောင်းချရန်ကို တရုတ် ကန့်ကွက်

(GMT+08:00) 2018-04-10 09:04:25
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်နိုင်ငံသည် အမေရိကန်-ထိုင်ဝမ် အစိုးရချင်း ကူးလူးဆက်ဆံမှုနှင့် အမေရိကန်က ထိုင်ဝမ်အား လက်နက် ရောင်းချရန်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန် အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာစာတမ်း ၃ ရပ်ပါ သတ်မှတ်ချက်ကို လိုက်နာဆောင်ရွက်ပြီး အစိုးရချင်း ကူးလူးဆက်ဆံမှုကို ရပ်စဲရန်နှင့် ထိုင်ဝမ်အား လက်နက် ရောင်းချမှုကို ရပ်စဲရန် တိုက်တွန်း နှိုးဆော်ပါကြောင်း ယခုလ ၉ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio