• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ မှားယွင်းသော လုပ်ရပ် အပေါ် နိုင်ငံတကာ မိသားစုကြီး စိုးရိမ်နေဟု ကင်စွမ် ဆို

(GMT+08:00) 2018-04-10 09:02:58

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ အမေရိကန်၏ ကုန်သွယ်ရေး အရေးယူဆောင်ရွက်မှုသည် တရုတ်ပြည်အား ရည်စူးရုံသာ မကဘဲ အခြား နိုင်ငံများအားလည်း ရည်စူးကြောင်း၊ တရုတ်ပြည်၏ အကျိုးစီးပွါးကို ထိခိုက် ရုံသာ မကဘဲ အခြားနိုင်ငံများ၏ အကျိုးစီးပွါးကိုလည်း ထိခိုက်ကြောင်း၊ အမေရိကန်၏ မှားယွင်းသော လုပ်ရပ် အပေါ် နိုင်ငံတကာ မိသားစုကြီးက ကျယ်ကျယ်ပြန့်ပြန့် အာရုံစူးစိုက်ပြီး စိုးရိမ်မကင်း ဖြစ်နေကြောင်း၊ အကယ်၍ အမေရိကန်က နောက်ထပ် ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုး ဖြစ်သည့် တရုတ်ကုန်ပစ္စည်းအပေါ် အခွန်တိုးကောက်ရန် စာရင်းဇယား ထုတ်ပြန် ပါက မိမိတို့သည် တွေဝေမှု မရှိဘဲ အင်အားကြီးမားစွာ တုံ့ပြန်ဆောင်ရွက်မည် ဖြစ်ကြောင်း ယခုလ ၉ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio